မိတ္ထီလာမြို့၊ မြို့မ(၄)ရပ်ကွက်၊ မင်းရပ်၊ မိတ္ထီလာကန်ကူးတံတားအောက်၌ ဗုံးသီး ဟောင်း တစ်လုံးတွေ့ရှိ နေပြည်တော်၊ ဇွန် - ၂၀

Sunday, June 20, 2021 - 15:30

မိတ္ထီလာမြို့၊ မြို့မ(၄)ရပ်ကွက်၊ မင်းရပ်၊ မိတ္ထီလာကန်ကူးတံတားအောက်၌ ဗုံးသီး ဟောင်း တစ်လုံးတွေ့ရှိ

နေပြည်တော်၊ ဇွန် - ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အေးချမ်းသာယာရပ်ကွက်နေ တင်အောင်ခိုင်(ခ)ကုလားကြီး(ဘ)ဦးအောင်မြင့်သည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့မ(၄)ရပ်ကွက်၊ မင်းရပ်၊ မိတ္ထီလာကန်ကူးတံတားအောက် အရှေ့ဘက်ကမ်းစပ်သို့ တံငါလုပ်ငန်း လုပ်ကိုင်ရန်ရောက်ရှိစဉ် ဗုံးသီးဟောင်း ၁ လုံးတွေ့ရှိကြောင်း သတင်း ပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျား ၁၄ လက်မ၊ လုံးပတ် ၁၁ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။