တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၆)၊ သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။
news
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးကြပြီး ဆုများပေးအပ်ချီး မြှင့်သည်။
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုဒ်ချန်အိုချာ၏ ဆွေးနွေးချက်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ၆-၃-၂ဝ၂၃ ရက် နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးပွဲကို ၂ဝ-၃-၂ဝ၂၃ ရက်တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂက တင်သွင်းခဲ့ သည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို လူ့အခွင့်အရေး ကောင်စီက ၄-၄-၂ဝ၂၃ ရက်တွင် အတည်ပြုချမှတ်ခဲ့သည်။ အလားတူ ၁၆-၃-၂ဝ၂၃ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရှင်းလင်းဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အထက်ပါဆွေးနွေးပွဲ များသို့ မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ် တက်ရောက်ခွင့််မရှိစေရန် တားမြစ်ခဲ့ခြင်းမှာ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆွေးနွေးရေးမူများကိုဆန့်ကျင်သည့်အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ကန့်ကွက်ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီးစာရေးသင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဧပြီ - ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်း(ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းခန်းမ တို့တွင် သီးခြားစီ တွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ လည်းကောင်း အမှာစကားပြောကြားသည်။
နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီး ကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိ အထူးကုဆရာဝန် ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) ရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ ဆက်လက်၍ အခမဲ့စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် စစ်ကိုင်းမြို့ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ ဝတ္တကမြေ၌ အခြေပြု၍ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၃၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူ အများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်း ထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေး စသည့် ရည်မှန်းချက်တာဝန်များချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ် နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့်အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျှက်ရှိပါသည်။