ဒီကနေ့မှာတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၊ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။
တချို့ဘူးသီးတောင်မှနေတဲ့ မူဆလင်တွေက လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ကျ စွပ်စွဲချက်များထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသား ချက်များ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်၊ မောင်တောဒေသ မှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့ လုပ်ကြံဖန်တီးရေးသားမှုများသာ ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ မီဒီယာကို လည်း ကျွန်တော်တို့အနေနဲ့ အပြင်းအထန်ရှုံ့ချပါတယ်၊ ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို လို့ရှိရင် ပထမဦးဆုံး ကျွန်တော်တို့ ဘူးသီးတောင်၊ ရပ်ကွက်ကြီး ၅ ပေါ့ ။ အမှတ် ( ၅ ) ရပ်ကွက်ဆိုတဲ့ဟာကို အကြောင်းကို ကျွန်တော်ပြောပြချင်ပါတယ်။ အမှတ်(၅)ရပ်ကွက်ဆို တာ မောင်တောဘက်ကနေဝင်ရင် ကျွန်တော်တို့ ဒီကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရပ်ကွက်ပဲဖြစ်တယ်။ သူ့ရဲ့အဝင်ဝမှာ ကျွန်တော်တို့ WFP ရဲ့ ဂိုဒေါင်တွေ၊ ယခင်တုန်းက ကျွန်တော်တို့ ဒုက္ခသည်တွေကူညီဖို့အတွက် ဆန်တို့ ဂျုံတို့ထားတဲ့ ဂိုဒေါင်တွေရှိတဲ့ နေရာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ ကတည်းကတိုင် အမှတ်(၅)ရပ်ကွက်မှာ လူနေတာတော်တော်နည်းပါတယ်။ ဒီအမှတ်(၅) ရပ်ကွက်က လူတွေသည် ဘူးသီးတောင်မြို့ရဲ့ အနောက်တောင်ဘက်ပေါ့။ ဘူးသီးတောင်မြို့ ကိုရေပေးနေတဲ့ ကန်တော်ကြီး အဟောင်းအသစ်ရှိတဲ့ နေရာတစ်ဝိုက်ကဖြစ်တယ်။ သူတို့သည် အများအားဖြင့်ကတော့ မြို့ထဲ မှာ ရွှေ့ပြောင်းနေထိုင်တာဖြစ်တယ်။ အဲဒီမှာတော့ ကျွန်တော်တို့ အဲရပ်ကွက်မှာ ဟိန္ဒူတွေ ရော ၊ မူဆလင်တွေရော ၊ ရခိုင်တိုင်းရင်းသားတွေရော နေထိုင်တဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ဒီဘူးသီးတောင် ၊ မောင်တောဒေသပေါ့နော် ။ ဘူးသီးတောင် ၊ မောင်တောဒေသမှာ ဘူးသီးတောင်မြို့ရဲ့ထူးခြားချက်ကိုအရင်ပြောချင် တယ်။ ဘူးသီးတောင်မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားတိုင်း ဖြစ်ပွားတိုင်း မှာ ဘူးသီးတောင်မြို့သည် အများအားဖြင့်တော့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်း သိမ်းသိမ်းလုပ်နိုင်တဲ့မြို့ ဖြစ်ပါတယ်။ ဘာကြောင့်ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်လည်းဆိုတော့ အဲဒီမှာရှိတဲ့မူဆလင် အဖွဲ့ အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေ၊ တပ်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေက အမြဲတမ်းညှိညှိနှိုင်းနှိုင်း တိုင်တိုင် ပင်ပင်လုပ်ခဲ့တဲ့ အတွက် ဘူးသီးတောင်မြို့ပေါ်မှာ မူဆလင်အများစုနေထိုင်တယ်ဆိုပေမယ့် ပဋိပက္ခ အနည်းငယ်ရှိကောင်းရှိမယ်။ ကြီးကြီးမားမားဖြစ်တဲ့ဖြစ်ရိုးဖြစ်စဉ်မရှိခဲ့ဘူး။ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင် နေခြင်းသာ ဖြစ်ပါတယ်။ ပထမဦး ဆုံးပြောချင်တာက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အစောဆုံးမှတ်တမ်းတင်နိုင်တာက ၁၉၄၂ ခုနှစ်မှာဖြစ်ပွား ခဲ့တယ်ဆိုတာမှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အင်္ဂလိပ်တွေက ရခိုင်ကနေ ဆုတ်ခွာတယ်။ စစ်ပွဲလက်ကျန် လက်နက်ခဲယမ်းတွေ ရခိုင်ပြည်နယ်မှာပျံ့နှံ့နေခဲ့တယ်။ အဲဒီကြားထဲမှာဘဲ ရခိုင်အဖွဲ့က ဦးပညာသီဟနဲ့ ဦးလှကျော်တို့က အင်္ဂလိပ်စစ်တပ်ကနေ လက်နက်ခဲယမ်းတွေခိုးထုတ်ပြီး ရခိုင်တွေလက်ထဲကို လက်နက်တွေဖြန့်ဝေခဲ့တာ တွေရှိ တယ်။ အဲဒီလက်နက်တွေနဲ့ဘဲ တချို့ စစ်ပြေး ဒုက္ခသည်တွေကို လုယက်တာတွေရှိခဲ့တယ်။ မူဆလင်ရွာတွေကို တိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်။ အဲဒါကြောင့်လည်း မြေပုံမြို့၊ ရက်ချောင်းရွာပေါ့။ အဲဒီတုန်းက ရက်ချောင်းရွာက မူဆလင်တွေ အများစုနေရာဖြစ်တယ်လို့ သိရပါတယ်။ ရက်ချောင်း ရွာကို သူကြီးလုပ်နေတာကရခိုင်လူမျိုးကလုပ်နေတာဖြစ်ပါတယ်။ အဲဒီမှာ သူကြီးသားအဖကို အသတ်ခံရတဲ့အတွက် ရက်ချောင်းရွာကို မီးရှို့ခဲ့တာရှိတယ်။ အဲဒီကနေ စတင်ပြီး ဖြစ်ပွား ခဲ့တာရှိတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ ၁၉၈၈ မောင်တောပဋိပက္ခဖြစ်ပွား ခဲ့တာ ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ကျောက်နီမော်ကိစ္စ၊ မသီတာထွေးကိစ္စ တွေဖြစ်ပွားခဲ့တာရှိခဲ့တယ်။ ကျန်တဲ့ပဋိပက္ခတွေ လည်း ဖြစ်ပွားခဲ့တာတွေ လည်းရှိခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ပြည်သူလူထု ရှင်းရှင်း လင်းလင်း သိဖို့က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်တုန်းကမှ စတင် ခဲ့တာမရှိဘူး။ လူမျိုးစုဘက်တစ်ဘက်ဘက်ကသာ စတင်ခဲ့တာ ရှိတယ်။ အဲဒီစတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ ပြန်လည်ထိန်းသိမ်းရတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ ခဖြစ်ရင် ဘယ်လောက်အထိထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်းအားလုံးသိတယ်။
ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှလည်း မဖန်တီး ခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေ သည် ခေါင်းခံရတယ်၊ တာဝန်ခံရတယ်ဆိုတာ သိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ် ဆိုတာသိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှလုပ်ဆောင်ခဲ့တာမရှိပါဘူး။ ပဋိပက္ခ တွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန် ထမ်းတွေကို ဘယ်ဖက်ကလိုက်တယ်၊ ညာဖက်ကလိုက်တယ် ဒီလိုမျိုးစွပ်ဆွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်းမစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်ပြောခဲ့တဲ့ ဘူးသီးတောင်ဒေသရဲ့ထူးခြားချက် ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပဋိပက္ခ ကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ ဒီ AA ဝင်လာမှသာ လူမျိုးရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်နေ တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားနေတဲ့ အခြေ အနေတွေကိုပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခု အနီးကပ်ဆုံးဖြစ်ခဲ့တဲ့အခြေအနေတွေကိုပဲ ကျွန်တော်ပြောပါမယ်။ ၂၀၁၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရားကုန်း ကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ ပတ်ဝန်း ကျင်မှာရှိတဲ့ မူဆလင်ရွာတွေကို ရွာတစ်ရွာမှာသုံးယောက်မလာမနေရဆိုပြီး အစည်းအဝေး ခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မူဆလင်တွေကို သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့ တယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက် (၄) မှာနေတဲ့ အာရ်မာန် ဆိုတဲ့ မူဆလင်ကို ဆိုင်ကယ်နှစ်စီးနဲ့ AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ပူးပေါင်း တယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ ဒီနေ့အထိ ပြန်လွတ်လာခြင်း မရှိဘူး။ အဲ့ဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင်သူတို့လို ဖမ်းဆီးခံရမယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်။ နောက်တစ်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံကျေးရွာအုပ်စုမှာ မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့ စစ်ဒေသမှူးတို့အမည်ခံထားတဲ့သူ ၂၀ လောက်က မူဆလင်ကျေးရွာတွေ အားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မူဆလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်ဆီသူတို့ AA နဲ့ပူးပေါင်းဖို့ ဆောင်ရွက်ပေးဖို့ ပြောတယ်။ AA ကိုထည့် ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင် သူပုန်ရွာတွေအဖြစ်သတ်မှတ်မယ်ဆိုပြီး ပြောခဲ့တာမျိုး ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ညောင်ချောင်းမှာပဲ မူဆလင် ကျေးရွာတွေက ကျေးရွာ လူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့လူ တွေရပြီလား။ အမြန်ဆုံးပေးဖို့ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲ့ဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ မူဆလင်ကျေးရွာတွေဖြစ်တဲ့ လက်ဝက်ဒက် ပုဇွန်ချောင်းကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူးဆိုပြီး ရွာတစ်ရွာ လုံးကိုမီးရှို့ခဲ့တယ်။ အဲ့ဒီလို မီးရှို့ခဲ့တဲ့အတွက် အဲ့ဒီက ဒုက္ခသည်တွေအားလုံးကို မူဆလင် ဒုက္ခသည်တွေအားလုံးကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ မြို့ ထဲကိုပြောင်းရွှေ့ပေးရတာ ရှိပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစိုးရဝန်းထမ်းတွေအနေနဲ့ မြို့ထဲ့ကို ပြောင်းရွေ့ပေးရတာ တွေ ရှိတယ်။၂၀၂၄ ခုနှစ်နှစ် မတ်လ ၁၀ ရက်နေ့မှာတော့ ယခင်က မွတ်စလင်အဖွဲ့အစည်း တွေဖြစ်ခဲ့တဲ့ မွတ်စလင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဦးထွန်းခင်နဲ့ နေဆန်းလွင် တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကိုရောက်လာတယ် AA က ခေါင်းဆောင်ပိုင်း တချို့နဲ့တွေ့တယ်။ တွေ့ပြီးတော့ကျ Refugees Camp ကနေပြီးတော့ကျ မူဆလင်လူငယ် ၅ သောင်းလောက်ကို AA နဲ့ပူးပေါင်းအောင်ဆောင်ရွက်ပေးဖို့ဆိုပြီး ဆွေးနွေး ခဲ့တာတွေရှိတယ် ဆိုတာကို သတင်းရရှိပါတယ်။ ရှိတယ်။၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာတော့ AA အနေနဲ့ ဘူးသီးတောင်မြို့မှာ ဘူးသီးတောင်မြို့ကနေ မူဆလင်တွေ ထွက်ခွာ သွားဖို့ဆိုပြီး စာတွေဖြန့်ဝေ ခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ မတ်လ ၁၉ ရက်နေ့မှာ မွတ်စလင် ၅ ထောင်လောက် AA ကို အလိုမရှိတဲ့အကြောင်း ဆန္ဒပြတာတွေရှိတယ်။ ၂၃ ရက်နေ့မှာလဲ ထပ်မံပြီးဆန္ဒပြခဲ့တာရှိပါတယ်။ အဲ့ဒီ ၂၃ ရက်နေ့မှာပဲ AA အနေနဲ့ ညောင်ချောင်း ရယ် စိမ်းညှင်းပြားရယ် ဂူဒါပြင် မွတ်လစင်တွေကို AA ကိုထောက်ခံကြောင်း တန်ပြန်ဆန္ဒပြဖို့ ဆိုပြီးတော့ အတင်းအကြပ်စေခိုင်းခဲ့တာရှိတယ်။ သို့သော်သွားရောက်ခဲ့ခြင်း မရှိတဲ့အတွက် ကျေးရွာတွေကို ခြိမ်းခြောက်စာတွေပို့ခဲ့တာလဲ တွေ့ရပါ တယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ဘူးသီးတောင်က နုရ်ဘော်ရှိရ်ဆိုတဲ့ မွတ်စလင်အမျိုးသား တစ်ယောက်ကို ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်ဆိုပြီးတော့ကျ AA ကဖမ်းဆီးသွားတာရှိပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံးက ဝန်ထမ်းတွေကိုခြိမ်းခြောက်ပြီးတော့ AA အနေနဲ့ ဆေးရုံကို ပိတ်ပစ်လိုက်တယ်။ ဆေးရုံကိုပိတ်ပြီး အဲ့ဒီကဝန်ထမ်းတွေကို စေတီတောင် AA အခြေပြုနေတဲ့ စေတီတောင်ကို ခေါ်သွားပြီးတော့ကျ AA ကိုကုသဖို့ ဆိုပြီးတော့ ဆေးရုံဖွင့် လှစ်ခဲ့တာရှိပါတယ်။ ဒီလပိုင်း ဧပြီလ ၉ ရက်နေ့မှာတော့ ဘူးသီးတောင်အရှေ့ဘက်နဲ့ အနောက်ဘက်ကူးနေတဲ့ ပန်းဇင်းတံတားနားလေးမှာရှိတဲ့ နန်းရားကုန်းကျေးရွာ မွတ်ဆလင် ရွာဖြစ်ပါတယ်။ နန်းရားကုန်းကျေးရွာ မွတ်ဆလင်တွေကို AA အနေနဲ့ ပန်စင်းတံတားကို သိမ်းဖို့ဆိုပြီးတော့ကျ အတင်းနှင်ထုတ်ခဲ့တာတွေရှိပါတယ်။ သူတို့နဲ့မပူးပေါင်းခဲ့တဲ့ ရွာတွေဖြစ်တဲ့ ကွန်တိုင်၊ ရွက်ညိုတောင်၊ ဦးလှဖေ အဲ့ဒါ မွတ်ဆလင်ရွာကြီးတွေဖြစ်ပါတယ်။ အဲ့ဒီရွာ သုံးရွာကို ဧပြီလ ၁၂ ရက်နေ့ ညနေ ၃နာရီခွဲအချိန်လောက်မှာ AA ကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြစ်ခတ်ခဲ့တယ်။ ဗုံးသီး အလုံး ၁၀၀ ကျော်လောက်ကျခဲ့တယ်။ မူဆလင်များ သေကြေပျက် စီးမှုတွေလဲရှိတယ်။ အဲ့ဒီကနေ ရွာကိုစွန့်ခွာလာပြီးတော့ကျ ဘူးသီးတောင်ဘက်ခြမ်းမှာ ရှိတဲ့ ကကျက်ဘက်တို့၊ အလယ်ချောင်းတို့၊ ကန်ပြင်တို့ ဘူးသီးတောင်မြို့ပေါ်တို့ကို ပြောင်းရွှေ့ ပေးခဲ့တာရှိပါတယ်။ သင်္ကြန်အတက်နေ့ ၁၆ ရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့၁၇ ရက်နေ့မှာတော့ AAအနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာရှိတဲ့ရွာတွေကို အသံချဲ့စက်နဲ့ မွတ်ဆလင်ရွာတွေကို အသံချဲ့စက် နဲ့လိုက် အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်းအယောက် (၂၀၀) AA ကိုပေးဖို့ တောင်းဆိုနေတာ ရှိတယ်။ ပြီးရင် တပ်ကိုဆန့်ကျင်ဖို့ မပေးရင်သူတို့အနေနဲ့ အတင်းအကြပ် ဖမ်းဆီးရမယ်၊ ပြီးရင်နေရာပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကို တွေ့ရပါတယ်။ ဒါတွေက တကယ့်လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တဲ့အတွက် ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဖုံးကွယ် ချင်တဲ့အတွက် မဟုတ်မမှန် စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ဘူးသီးတောင် - မောင်တောဒေသ လုံခြုံမှုရှိစေရေး၊ ဘူးသီးတောင် - မောင်တော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားများ၊ မွတ်စလင်များ၊ အားလုံး နေထိုင်ကြသူများအနေနဲ့ ပဋိပက္ခများမဖြစ်ပွားစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ AA နဲ့ပတ်သက် လာပြီး ဘူးသီးတောင်မြို့ - မောင်တောမြို့ပေါ်မှာ ပြောဆို နေတာက သူတို့ကိုယ်သူတို့ (AA –Arakan Army) ဆိုပြီး ပြောကြတယ်။ အဲဒီဘက် ဒေသမှာတော့ လူတိုင်းမေးကြည့်ရင် သိနိုင်ပါတယ်။ AA မဟုတ်ပါဘူး ADA ပါ။ (Arakan Drug Army) ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ်ဆေးဝါး သယ်ယူ/ပို့ဆောင်နေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ရန်ကုန်မှာမိလိုက်ရင်လည်း AA အဖွဲ့နဲ့ ပတ်သက်နေတာပဲ၊ မန္တလေးမှာ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး၊ စိတ်ကြွဆေးတွနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖော်ထုတ်ဖမ်းဆီးရမိရင်လည်း AA နဲ့ ပတ်သက်နေတာပဲ ဖြစ်ပါ တယ်။ ဒီလိုမျိုး မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေး ထောက်ခံနေတာ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့အစည်းအတွက် လှုံ့ဆော် ပေးနေတာမှန်သမျှသည် အကြမ်းဖက်လုပ်ရပ်များ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြန့်ပွားရေး လုပ်ရပ်များကို အားပေးကူညီနေသူတွေဖြစ်တယ် ဆိုတာကို သိစေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။