news

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသောနှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း
ရဲဘော်တို့

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မာလဲနတ်တောင်ဆည်နှင့် ကျေးရွာ ၃ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦး အများ အပြား ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ် သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

                  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျ ဈေးအတွင်းသို့ မတ်လ ၂၅ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ များ မြန်မာနိုင်ငံသို့ရောက်ရှိ

နေပြည်တော်၊ ၂၀၂၅ မတ် ၂၆

နှစ်(၈၀)ပြည့်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် သစ္စာမျိုးဆက် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

နေပြည်တော် မတ် - ၂၆

 ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအားယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်၍တွေ့ဆုံဂါရဝပြုနှုတ်ဆက် သည်။

နေပြည်တော် မတ် - ၂၆

မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ် များကို အဓမ္မဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။