မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်တွင် ကျော်အာကာသိန်း မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်နှင့် သက်နိုင် မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်တို့ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကျော်အာကာသိန်း မောင်းနှင်သည့်ယာဉ်မှာ တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ လွိုင်လင်-တောင်ကြီးသွားလမ်းရှိ ချိုခမ်းကျေးရွာအဝင်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းယာဉ်နှစ်စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးကက်တမင်း ၁,၀၀၀ ကီလို သိမ
news
အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် ထိခိုက်ပျက်စီးမှုများဖြစ်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက် မှုကိုလိုလားသည့် အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိ ရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများပေးအပ်
နေပြည်တော်၊ ဧပြီ - ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့(အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုအခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၁၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ ကျောက်ခတ်နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၂၇၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ Dasho Tashi Wangyal ခေါင်းဆောင်သောအဖွဲ့ဝင် ၃၆ ဦးတို့သည် ဒုတိယအသုတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာကြ ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်ထွန်းနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှတာဝန်ရှိသူများက နေပြည်တော်လေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိသည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၄၁ ကြိမ်လှုပ်ခတ်ခဲ့သည်။











































