တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မြိတ်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် မြို့နယ်များသို့ MEVM စက်များ သယ်ယူပို့ဆောင်မှုအခြေအနေ၊ မဲရုံများ၏ လုံခြုံရေးပိုင်းအခြေအနေ၊ သွားလာရ ခက်ခဲသည့် ပြည်သူများ ဆန္ဒမဲပေးရာတွင် သွားလာမှုအဆင်ပြေစေရေးတို့ နှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာ ကျင်းပနိူင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိူင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

