news

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များကို အခြေခံစစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ် လေ့ကျင့်ရေးတပ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။ ထိုပေါက်ကွဲမှုကြောင့် ခေါင်မိုး ရေတလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း  ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ဝေဖန်ရှုတ်ချလျက်ရှိပါသည်။

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲ တိုက်ခိုက်မှုများကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင်  မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲယှဉ် ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင်  မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲယှဉ် ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီက အောက်တိုဘာလအတွင်းစတင်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန်အတွက် လူငယ်(၇၀)ဦးကျော်ကို ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် သန်းခေါင်စာရင်း ကောက်ယူ သူများအား ကျွေးမွေးဧည့်ခံရန် ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေသည်ကိုတွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တာ် အောက်တိုဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ယနေ့ညပိုင်းတွင် နေပြည် တော် စည်ပင်သာယာ ရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

              ယနေ့သည် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ဖြစ်သည် နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုး များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ကုသိုလ် ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်း တရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည့်အပြင် အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာ များ၌လည်း အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။