နေပြည်တော်၊ အောက်တိုဘာ ၂၈
လူမှုကွန်ရက်စာမျက်နှာအချို့မှ ယနေ့ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ကံပြင်ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်တစ်စီးအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းများထုတ်ဝေခဲ့သည်။








