အသိပေးကြေညာချက်

Sunday, July 11, 2021 - 15:00

အသိပေးကြေညာချက်

၁၁/၇/၂၀၂၁

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှအချိန်နှစ်တပြေးညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါသည်။

၂။       လက်တလော  Covid 19 ကုသရေးတွင် လိုအပ်နေသည် Oxygen Concentrator များ တင်သွင်းမှုအတွက်  FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျောက်ထားရန်မလိုအပ်သည့်အပြင် အကာက်ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ  ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျော့ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

၃။      ယခုအခါ မသမာသူ အချို့မှ ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းမှုအား ပိတ်ပင်သည့် ရုံးစာ အတုပြုလုပ်၍ စျေးကွက်တွင်စျေးနှုန်းများကြီးမြင့်လာစေရန်နှင့် ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှု ဖြစ်စေရန် Social Media တွင် ရေးသားဖေါ်ပြလာခြင်းအားစိစစ်တွေ့ရှိရပါသည်။

၄။      အဆိုပါ ရုံးစာသည် Fake News(အတု)သာဖြစ်ပြီး  သတင်းအချက်အလက်အတုအပ ပြုလုပ် ဖြန့်ဝေသူများအား ဖေါ်ထုတ်ပြီး တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့်လိုအပ်သည့် ဆေးဝါးနှင့်ဆက်စပ်စက်ပစ္စည်းများတင်သွင်းမှုအား ဖြေလျော့၍ အချိန်နှင့်တပြေးညီခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး တင်ပြအပ်ပါ သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန