ဟားခါးမြို့မြို့၊ မြို့သစ်ရပ်ကွက်၌ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ - ၁၁
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့က လုံခြုံရေးဆောင်ရွက်စဉ် မေ ၁၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် မြို့သစ်ရပ်ကွက်ရှိ ဂေါက်ကွင်းအနီး၌ မသင်္ကာဖွယ်အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ် ဆောင်စဉ် ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သည်။









