မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် မြန်မာ့စီပွားရေးဘဏ်တို့အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ မေ ၁၄
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် မြန်မာ့စီပွားရေးဘဏ်တို့အား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ မြို့မရဲစခန်းအား အကြမ်းဖက်သူအင်အား(၆)ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိ လာပြီး လက်လုပ်ဗုံး ၁ လုံး၊ တူမီးသေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့် လက်လုပ်ဗုံးမှာ ရဲစခန်းခြံစည်းရိုး အုတ်နံရံနှင့် ပေ ၅၀ ခန့်အကွာ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရသည်။


















