ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၁၇/ ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊
ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၁) ဖြင့် သတ်မှတ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဆက်လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေ အနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာလိုက်သည်။















