နေပြည်တော်ကျောက်စိမ်းဖီးကြမ်း တစ်သျှူးငှက်ပျောနှင့် သီးမွှေးတစ်သျှူးငှက်ပျော ပျိုးပင်များအား တစ်ပင်လျင် ၄၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်
နေပြည်တော်၊ ဇွန် - ၁၅
ငှက်ပျောသည် ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတို့၏ အာဟာရ စားသုံးသီးနှံ၊ အကျိုးပြုသီးနှံပင် ဖြစ်ပြီး မြန်မာမှုအရပ်ရပ်တိုင်းတွင်လည်း ငှက်ပျော ၏အခန်းကဏ္ဍသည် ကျယ်ပြန့်စွာနေရာယူလျက်ရှိနေပါသည်။
မြန်မာ့ငှက်ပျောစိုက်တောင်သူများအနေဖြင့် ယခင်က ပြည်တွင်းဘုရားပွဲများ၊ ရိုးရာပွဲများ၊ ပွဲလမ်းသဘင်များတွင် ပွဲထိုးရန်၊ ရိုးရာအစားအသောက်ပြုလုပ်ရာတွင် အသုံးပြုရန်တို့အတွက် ရောင်းချရသည့် ပြည်တွင်းဈေးကွက်သာရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် ပြည်ပဈေးကွက်သို့တင်ပို့နိုင်သည်အထိ ရှိလာခဲ့သည်။


















