ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၄ /၂၀၂၄)
၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်
(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက်စေရမည်။
၃။ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က) ၏ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် ၃၉ တွင်ပါရှိသော “ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့်” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။
၄။ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဈ) ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“(ဈ) ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင် သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း သုံး ရာခိုင်နှုန်း ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ သို့ရာတွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင် ရသည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ။”
_____________________________________________________________________
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ