လွိုင်ကော်မြို့ရှိ ဆရာ/ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၂၂ ရက်

Thursday, August 22, 2024 - 17:30

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ဒေါတမရပ်ကွက်၊ အခြေခံပညာအလယ်တန်း  ကျောင်း(ဒေါတမ)ရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက် ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူ များက ဆရာ/ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ များက လက်ခံရယူကြသည်။

ယင်းနောက် ဆရာ/ဆရာမများ၏ တင်ပြချက်များကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားသည်။

ဆက်လက်၍ အဆိုပါကျောင်းများရှိ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူ များအား အာဟာရဖြည့် ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိ သည်။