မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို ဩဂုတ် ၁၉ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခဲ့ ကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြင်းခြံမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ PDF အမည်ခံအကြမ်းဖက်သမားများက မြင်းခြံမြို့နယ်မှ ကျေးရွာအချို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးပြီး ဒေသခံပြည်သူ များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများမရှိကြောင်း သိရှိရသည်။
၎င်း PDF အမည်ခံအကြမ်းဖက်သမားများသည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။