ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၁

Wednesday, August 21, 2024 - 16:00

ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ သန်းထွန်းအောင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၂,၇၀၅ ပြားနှင့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၁၂၆ ကီလို၊ ကက်တမင်း သုည ဒသမ ၀၂ ကီလို၊ အိုက်စ် သုည ဒသမ ၁၃၅ ကီလို ကိုလည်းကောင်း၊ ထို့ပြင်ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံး ကျေးရွာအုပ်စု၊ တောင်လေးလုံးကျေးရွာအနီးတွင် ဇော်ဦး(ခ)သက်ဟိန်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် ကက်တမင်း ၇ ဒသမ ၄ ကီလို၊ Happy Water ၁ ဒသမ ၄၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။