နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့်စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေး အပ်လျက်ရှိပါသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များမှပေးအပ်လှူဒါန်းသည့် ငွေကျပ်ခြောက်ဆယ့်နှစ်သိန်း တန်ဖိုးရှိစားသောက်ဖွယ်ရာများအား ပြည်ထောင်စုဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါစားသောက်ဖွယ်ရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။