ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာ တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ကြောင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေ နေပြည်တော်၊ ဩဂုတ် ၁၅

Thursday, August 15, 2024 - 16:30

          မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာတို့ကို ဩဂုတ် ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံကျေးရွာမှ နေအိမ် ၃ လုံး မီးလောင် ပျက်စီးခဲ့ပြီး ကား၂ စီးဖြင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် ဒေသခံပြည်သူ ၁ ဦးမှ လုံခြုံကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း သတင်းပေးပို့ချက်အရ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်များရရှိခဲ့ပြီး ထွက်ပြေးသွားစဉ် ကျေးရွာအတွင်းရှိ လူနေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းမှာ လုပ်ကြံသတင်း အမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကိုသာ တစ်ဖက်သတ်စွပ်စွဲ ရေးသားလျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ကို အချိန်မီတားဆီးဆောင်ရွက်နိုင်ခဲ့သည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။