ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (၉) ကြိမ်မြောက်    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ (၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့)

Thursday, August 15, 2024 - 16:15

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက် ရန် ၁၅-၈-၂၀၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ မြန်မာကိုယ်စားလှယ် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မွန်းကိုးဝီစစ်စတန့် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့သည်။