Wednesday, August 14, 2024 - 18:30
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တာသစ်ကြီးရပ်ကွက်သို့ ရောက်ရှိနေ သည့် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာလာသူ ၃၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ကျုံပျော်မြို့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် လုံခြုံတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှား စေရန်အတွက် သွေးထိုးသပ်လျို၍ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျုံပျော်မြို့အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအပေါ် အကြောင်းမဲ့မတရားဖမ်းဆီးခြင်း၊ ခေါ်ဆောင်စစ်ဆေးခြင်းများမရှိကြောင်း သိရှိရသည်။