မုံရွာမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် လောင်းလုံမြို့နယ်အတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်ရေးသား နေပြည်တော်၊ ၂၀၂၄ ဩဂုတ် - ၁၄

Wednesday, August 14, 2024 - 18:30

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာ ဈေးတန်းကို တပ်မတော်က  ဩဂုတ်လ ၁၃ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ မုံရွာမြို့နယ် အတွင်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်းကျန်းသူများ က အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိမှန်ခြင်းမရှိဘဲ လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရပြီး အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာများက အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် အထင်မြင်လွဲမှားစေရန် လူမှုကွန်ယက်မှတစ်ဆင့် အထောက်အထားမဲ့ သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဩဂုတ်လ ၁၁ ရက်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အဖွားအို ၁ ဦး သေဆုံးခဲ့သည်ဟုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဩဂုတ်လ ၁၂ ရက်တွင် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ် မမှန်သတင်းများ ရေးသားဖြန့်ဝေနေကြောင်း သိရှိရသည်။