Monday, August 12, 2024 - 18:00
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်မှ ပဲးခူးတိုင်းဒေသကြီး၊ သာယာဝတီ ထောင်သို့ ပြောင်းရွေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံ ထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သာယာဝတီထောင်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မည်သည့်အကျဉ်းသားများကိုမှ အကြောင်းမဲ့ရိုက်နှက် နှိပ်စက်မှု မရှိကြောင်း၊ ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ အတိုင်း သာ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်းသည် ပြည်သူများ အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော် ရေးသားထားသည့် သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိသည်။