ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများ ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံ ပြည်သူလူထု၏သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်း နေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နှင်းရေးကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အဆိုပါ သတင်းသည် တပ်မတော်အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။