ဖျာပုံမြို့တွင် ပြည်သူ ၃ ဦး၏ လက်ကိုင်ဖုန်းများတွင် VPN Application တွေ့ရှိ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့ပြီး ငွေကျပ် ၅ သိန်းတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေ နေပြည်တော်၊ ဩဂုတ် ၁၂

Monday, August 12, 2024 - 18:00

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ နှင့် ၂၅ ရက်က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါ ပြည်သူ ၃ ဦးကို ၁ ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦး၏ပြော ကြားချက်အရ ဖျာပုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားမှုမရှိစေရန်အတွက် ရပ်ကွက် ကျေးရွာများမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ၎င်း Application တွေ့ရှိသူများကိုလည်းကောင်း၊ အခြားမသက်ဆိုင်သူများကိုလည်းကောင်း ဖမ်းဆီး ခြင်းမရှိကြောင်း ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့သည့်ဖြစ်စဉ်များလည်း မရှိခဲ့ကြောင်းနှင့် ယခု သတင်းမှာ လုပ်ကြံဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

          အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်း များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေမည့် ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)တို့ဖြင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည်ဟု နိုင်ငံတော်မှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ၎င်းအသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ ပြည်သူများစိုးရိမ်ထိတ်လန့်စေမည့် ဝါဒဖြန့်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာ ပေါ်၌ ဖြန့်ဝေနေသူများကိုလည်း သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။