ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ထိန်းသိမ်းရေးစခန်းမှ ပြန်လည်လွှဲပြောင်း ပေးခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အတင်းအဓမ္မစစ်သားစုဆောင်းရန် ခေါ်ဆောင်သွားကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေ သည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ အဆိုပါလွှဲပြောင်းပေးခဲ့သူများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စနစ်တကျလက်ခံဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှား များကို အကြောင်းအရာမျိုးစုံဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားကာ လူမှုကွန်ရက်များမှတစ်ဆင့် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။