MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက် အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက် မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံး ခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာ လည်း ယာယီနေရပ်စွန့်ခွာနေရသည်။
ထိုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ် များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းကို မန္တလေး မြို့တွင် နေထိုင်လျက်ရှိသည့် ကိုးကန့်တိုင်းရင်းသားမိသားစုများက သဘောထားထုတ် ပြန်ခဲ့ကြောင်း သတင်းရရှိသည်။