မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ကို အကြမ်းဖက်သမားများက မကြာမီ တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ မိသားစုဝင်များသည် ပြောင်းရွေ့နေ ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းများ ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းသာ ဖြစ်ကြောင်း သိရှိရပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းစေရန်၊ ဒေသခံပြည်သူများ အထိတ် တလန့်ဖြစ်စေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံ ရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ နှင့် ပူးပေါင်းကာ မြို့၊ ရွာ လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသော ကောလာဟလသတင်းများအား ပြည်သူများ မယုံကြည်ကြရန်နှင့် ယင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ ပုံမှန်သွားလာလျက်ရှိသလို ၎င်း သတင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ ဒေသခံတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းချက်အရ ယခုလိုကြားသိခဲ့ရပါတယ် “ကျွန်မကတော့ ပြင်ဦးလွင် ရပ်ကွက်ကြီး (၁၉)ကပါ။ ပြင်ဦးလွင်မှာကတော့ အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့လုံခြုံရေးကို စစ်ဆေးဆောင်ရွက်နေတာပဲရှိပါတယ်။ အားလုံးကတော့ အေးအေး ချမ်းချမ်းပါပဲ။ လိုင်းပေါ်က သတင်းတွေက ကောလာဟလတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ပြင်ဦးလွင်မြို့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်နေတဲ့ ကောလာဟတွေပဲဖြစ်ပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။