နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး  ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး      ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဩဂုတ် -

Thursday, August 8, 2024 - 17:15

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ အောက် အမျိုးသားဘော လုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး  တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား သမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာ ရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် အခမ်းအနားသို့  တက်ရောက်လာကြသူများနှင့်အတူ  ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ပြိုင်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက် လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြရာ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ခွန်စံလွင်နှင့် ဒေါက်တာဘရွှေတို့က အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုနှင့် ပွဲစဉ်တစ် လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိကြသူများကို တစ်ဦးချင်း ဆုတံဆိပ် များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်  ကောင်စီဝင် ဒေါက်တာမှုထန် က စတုတ္ထဆုရရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းကို လည်းကောင်း၊ ကောင်စီဝင် ပိုးရယ်အောင်သိန်းက တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ ကောင်စီဝင် ဒေါ်ဒွဲဘူ က ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပထမဆုရရှိသည့် ကချင်ပြည် နယ်အသင်းကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို   ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ အောက် အမျိုးသား ဘော လုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက် သည့် လူငယ်သွေးသစ်ဘောလုံးသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပပေး ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှ အားကစား သမားများက  ဇူလိုင် ၂၃ ရက် မှ ဩဂုတ် ၈ ရက်အထိ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိသည်။