နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ် နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၈ ရက်

Thursday, August 8, 2024 - 17:15

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက် ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၇ ရက်နေ့နှင့် ယနေ့တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်း ခြောက်ဆယ်ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုး များရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့်နှစ်သိန်းနှင့် ငွေကျပ် ငါးဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့် ခုနှစ်သိန်းခြောက် သောင်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်း ငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉၉)ကျောင်းဆင်း အရာရှိမိသားစုများက ငွေကျပ်ကိုးဆယ့်ကိုးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ မြန်မာ-ထိုင်း- စင်္ကာပူ-အမေရိကန်ရောက် အမျိုးသားရေးညီအစ်ကိုများက ငွေကျပ်ခုနှစ်ဆယ့်တစ်သိန်းကိုလည်းကောင်း၊ ဘုန်းစံကျော်အောင် ဆောက်လုပ်ရေးကုမ္ပဏီ မှ မိသားစုများက ငွေကျပ်သိန်းသုံးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ် သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

အဆိုပါ စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံတာဝန်ထမ်းလျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။