နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့နှင့် ယနေ့တို့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ငွေကျပ်သိန်းသုံးရာတန်ဖိုးရှိ စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့နှစ်ဆယ်နှင့် ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့်ငါးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်းနှစ်ရာ့ငါးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်နှင့် ငွေကျပ်တစ်ရာ နှစ်ဆယ့်ကိုးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်ရှစ်ဆယ့် လေးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့ တစ်ဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းခြောက်ဆယ်နှင့် ငွေကျပ်သိန်းလေးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈၅)ကျောင်း ဆင်းအရာရှိ မိသားစုများက ငွေကျပ်ရှစ်ဆယ့်ငါးသိန်းကို လည်းကောင်း လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ် သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားသည်။
အလားတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်း ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် တစ်ရာသုံးဆယ့်နှစ်သိန်းနှင့် ငေွကျပ်နှစ်ရာလေးဆယ့်ခြောက် သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ လည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်းနှစ်ရာတစ်ဆယ့်နှစ်သိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ရာမညခန်းမ၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်နှင့် ငွေကျပ်သိန်းနှစ်ရာလေးဆယ့်တစ်သိန်းကျော် တန်းဖိုးရှိ စားသောက်ဖွယ်ရာများကို ထားဝယ်မြို့ရှိ ရွှေဝယ်သဇင်ခန်းမ၌လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာ ခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းသုံးရာတစ်ဆယ့် တစ်သိန်းကျော်တန်ဖိုးရှိ စား သောက်ဖွယ်ရာများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာရွှေဝါခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း သုံးရာတစ်ဆယ့် နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တာဝန်ရှိသူများနှင့် ကော်မရှင်ဥက္ကဋ္ဌ တို့က အသီးသီးပေးအပ်ရာ တိုင်းမှူးများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြား သည်။
အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။