မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာများကို ဩဂုတ်လ ၄ ရက်တွင် တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ကြောင်းကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်တွင် စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာများသို့ တပ်မတော်လေယာဉ် ပျံသန်းမှုလုံးဝမရှိကြောင်း၊ စဉ့်ကူးမြို့နယ်တွင် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ Drop Bomb များဖြင့် တိုက်ခိုက် မှုများ မကြာခဏပြုလုပ်နေပြီး ၎င်းတို့၏ လက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ၎င်းတို့၏ လုပ်ရပ်အား ဖုံးကွယ်ရန်အတွက် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။