ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄/၂၀၂၄) သို့  တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၁

Thursday, August 1, 2024 - 15:30

          ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့်တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ သွားရောက်တွေ့ဆုံအားပေးသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံသားကောင်းရတနာများအား  တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တိုင်းမှူးတို့က ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ  လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။