တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၇) နှစ်မြောက် အခမ်းအနားကျင်းပ နေပြည်တော်၊  ဇူလိုင်  ၂၉

Monday, July 29, 2024 - 15:45

          တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၇) နှစ်မြောက် အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး တက်ရောက်သည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် အဆိုပါ အခမ်းအနား ကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီ တာဝန်ခံ Ms. Cao Jing၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Zheng  Zijie နှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

          အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင် သည့်(၉၇)နှစ်မြောက် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ  တရုတ်စစ်သံမှူး Senior Colonel Zheng  Zijie က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှသံရုံးယာယီတာဝန်ခံနှင့် တရုတ်စစ်သံမှူးတို့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့်(၉၇)နှစ်မြောက် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ် ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

          ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့်တရုတ် စစ်သံမှူးတို့က အခမ်းအနားသို့တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့်   ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။