လောင်းလုံမြို့နယ်၊ ရင်းဘုတ်ကျေးရွာနှင့် ပြင်ချောင်းကျေးရွာတို့မှ ဒေသခံနေအိမ်များ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ပြည်သူ ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

Tuesday, July 23, 2024 - 17:00

          တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ရင်းဘုတ်ကျေးရွာနှင့် ပြင်ချောင်း ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါ လောင်းလုံမြို့နယ်အတွင်းရှိ ရင်းဘုတ်ကျေးရွာ၊ ပြင်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်တစ်ဝိုက်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ ရက်နေ့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ပြီး ထိုသို့ လုံခြုံရေးဆောင်ရွက်ရာတွင် ၎င်းကျေးရွာ များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကိုဖမ်းဆီးခေါ်ဆောင်ခြင်း မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နယ်မြေလုံခြုံ ရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုံခြုံရေးဆောင်ရွက်ရာ နေရာဒေသများအနီးရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကိုဖမ်းဆီးခြင်း စသည့် လှုံ့ဆော်ဝါဒဖြန့်သတင်းမှားများဖြင့် အများပြည်သူ စိုးရိမ်ထိတ်လန့်လာစေပြီး တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။