ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူသတ်မှုကျူးလွန်ခဲ့သူများနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ဖိနပ်အောက်ခံဆိုးပြားစက်ရုံနှင့် အထည် ချုပ်စက်ရုံ တို့အား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်
နေပြည်တော်၊ မေ - ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၆)ရပ်ကွက် ၌ မတ် ၂၉ ရက်တွင် အဆိုပါရပ်ကွက်၊ အောင်တံခွန်လမ်းနေ ဦးဇော်မင်း အား ထွန်းထွန်းလှိုင်(ခ)ဖက်တီး နှင့် ကိုချမ်း တို့ဦးစီးသော အကြမ်းဖက်သူ ၄၀ ဦးခန့် အနက် ကျော်ကိုကို၊ ဝင်းကိုကို(ခ)အူဝဲ၊ ကျော်မင်းထွန်း၊ ငြိမ်းကျော်သိန်း နှင့် နိုင်းနိုင်း(ခ)ရွှေငါး တို့က ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ အမှတ်(၅၆)လမ်းရှိ မီးရှို့ထားသည့် မီးပုံအတွင်းသို့ ပစ်ထည့်ကာ လူသတ်မှုကျူးလွန်ခဲ့ကြပြီး စောရဲနိုင်(ခ)ရဲလေး၊ ခိုင်မြဲ(ခ) သော်ဇင်နိုင်၊ စိုးပြည့်အောင်(ခ)အောင်အောင်၊ အောင်မျိုးလင်း(ခ)ကြက်ဖ၊ အေးငြိမ်းအောင်၊ မိုးမိုးမြင့်အောင်(ခ)မမိုးမြင့်၊ မင်းသူ၊ ရဲကျော်၊ ထွန်းထွန်းလှိုင်(ခ) ဖက်တီး၊ ကိုချမ်း၊ ဇာနည်၊ ဉာဏ်လင်းထက်၊ ရာကျော် တို့က အားပေးကူညီမှုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ဂ)/၁၁၄ အရ ၎င်းတို့အား မေ ၂၄ ရက်တွင် “ သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက် ငြိမ်းကျော်သိန်း(၁၇ နှစ်)နှင့် မင်းသူ (၁၅ နှစ်)တို့သည် ပြစ်မှုကျူးလွန်သည့်နေ့တွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းစစ်ဆေးရန်အမိန့်ချမှတ်ခဲ့ပြီး ထွန်းထွန်းလှိုင်(ခ)ဖက်တီး၊ ကိုချမ်း၊ ကျော်ကိုကို၊ ကျော်မင်းထွန်း၊ ဇာနည်၊ ဉာဏ်လင်းထက် နှင့် ရဲကျော် တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်း(၂၂)၊ အလယ်ကျေးရွာ၊ ဦးဖိုးလှိုင်လမ်းနှင့် ဦးရွှေဘင်လမ်းထောင့်၊ အကွက် အမှတ်(၂၀)ရှိ Myanmar Rong Wei New ဖိနပ်အောက်ခံဆိုးပြားစက်ရုံနှင့် မြေတိုင်း အမှတ်(၂၅)၊ အကွက်အမှတ်(၉၄/၉၅)၊ ဦးထွန်းညိုလမ်းရှိ Yuan Hong Garment အထည်ချုပ်စက်ရုံတို့အား မတ် ၁၄ ရက်တွင် မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့ကြသည့် အောင်ဇော်လင်း(ဘ)ဦးဇော်ဇော်၊ အောင်မျိုးသူ(ဘ)ဦးလှဆန်း၊ ကျော်ကျော်လင်း (ဘ)ဦးကြည်ဝင်း၊ အေးမင်းထိုက်(ခ) မင်းမင်း(ဘ)ဦးလှဝေ၊ ဝေသူဟိန်း(ဘ) ဦးခင်မောင်နွယ်၊ စန်းနွဲ့(ဘ)ဦးမြကြီး၊ အေးသွင်(ဘ)ဦးအောင်တင်၊ ဇော်မိုး(ဘ) ဦးမောင်မောင်၊ သူရ(ခ)ရာဆင်(ဘ) ဦးမောင်မောင်၊ ကိုဖြိုး(ခ)ဖြိုးကိုကို(ဘ) ဦးမြသန်း၊ နိုင်လင်း(ဘ)ဦးတွတ်ပီ၊ ခင်မောင်လွင်(ဘ)ဦတင်စိန်၊ တင်ဇော်မြင့်(ဘ) ဦးမြင့်ရွှေ၊ ဇော်မင်းသန်း(ဘ) ဦးမင်းနိုင်၊ ဖိုးထူး(ဘ)ဦးစိန်ဝင်း၊ တိုးတက်(ခ) ကျောင်းဆရာ၊ ကျော်ရဲနိုင်(ခ)ရဲကြီး (ဘ)ဦးကြည်ညွန့်၊ အောင်ကိုသက်(ဘ) ဦးခင်မောင်၊ တင်ထွန်း(ခ)ကုလား(ဘ) ဦးအောင်ဝင်း၊ သက်နိုင်(ခ)မီးသွေး(ဘ )ဦးထွန်းတင်၊ အောင်ဆန်းလင်း(ခ)ဝတုတ် (ဘ)ဦးအောင်သူ၊ ကိုပေါက်(ဘ) ဦးရွှေပေါက်၊ တရုတ်ကြီး(ဘ)ဦးနိုင်ဦး၊ ဇော်မင်း(ဘ) ဦးဇော်ဝင်းထွန်း၊ သိန်းသန်းထွန်း (ဘ)ဦးထွန်းထွန်း၊ ဝိုင်းမင်း(ဘ)ဦးမင်းနိုင်၊ ဟန်စိုး (ခ)ဟန်ဝင်း (ဘ) ဦးမောင်ဟန်နှင့် ခင်မောင်ဝင်း(ဘ)ဦးဝင်းမြင့် တို့အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆/၃၄ အရ ၎င်းတို့အား မေ ၂၄ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၂၈ ဦးအနက် နိုင်လင်း၊ ခင်မောင်လွင်၊ တင်ဇော်မြင့်၊ ဇော်မင်းသန်း၊ ဖိုးတူး၊ တိုးတက်(ခ)ကျောင်းဆရာ၊ ကျော်ရဲနိုင်(ခ) ရဲကြီး၊ အောင်ကိုသက်၊ တင်ထွန်း(ခ)ကုလား၊ သက်နိုင်(ခ)မီးသွေး၊ အောင်ဆန်းလင်း (ခ)ဝတုတ်၊ ကိုပေါက်၊ တရုတ်ကြီး၊ ဇော်မင်း၊ သိန်းသန်းထွန်း၊ ဝိုင်းမင်း၊ ဟန်စိုး(ခ) ဟန်ဝင်း နှင့် ခင်မောင်ဝင်း တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။