Saturday, July 13, 2024 - 11:30
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်လိုက်မြို့နယ်၊ ညောင်ဝန်းဘုရားကုန်း၊ ညောင် ပင်သာဘုန်းကြီးကျောင်း၊ အားကစားခန်းမဟောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် မြစ်ရေကြီးမှုနှင့်အတူ ပါရှိလာသည့် နှုံး၊ သဲနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။