၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ စတင်

Monday, May 24, 2021 - 16:00

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ စတင်

နေပြည်တော်  မေ - ၂၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံ တစ်ဝန်း၌ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံပေးလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင်နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိကျောင်း များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိအခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်း လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေ ချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြသည်။ ကျောင်းနှင့်ကျောင်းသားကျောင်းသူ များ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက  ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျောင်းများလာရောက်အပ်နှံစဉ်ကျောင်းသား/ကျောင်းသူများအတွက် ပညာ ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့်စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID-19  ကာကွယ်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါ တည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။