၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ပထမအကြိမ်) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
နေပြည်တော်၊ မေ - ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ပထမအကြိမ်) ကျောင်းသား၊ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (ပထမ)အကြိမ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၅၇၈၅ စုံ၊ ဗလာစာအုပ် ၄၀၅၉၆ အုပ်၊ စာရေးခဲတံ ၃၅၆၇၆ ချောင်းနှင့် ခဲဖျက်/ ပေတံ/ ဘောပင်၊ မှင်ဖျက်ဆေး၊ ကွန်ပါဘူးများစသည့် စာရေးကိရိယာ ၇ မျိုးနှင့် နှာခေါင်းစည်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။