မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) (၁၄)ကြိမ်မြောက်သက်ကြီး ဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၇

Sunday, July 7, 2024 - 04:00

         မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က  ကျင်းပသည့် (၁၄)ကြိမ် မြောက်သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပသည်။

         အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဉီးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံ သက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို)မှ နာယက ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ် အသီးသီးမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

         ရှေးဉီးစွာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ အဖွဲ့ဝင်များက အစည်းအရုံး ၏ Theme Song ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ပေါ်ပေါက်လာပုံ မှတ်တမ်း ဗီဒီယိုကို ပြသသည်။

         ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း က အခမ်းအနား ကျင်းပမှုနှင့် စပ်လျဉ်း၍ မုဒိတာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး(ဗဟို)အနေဖြင့် သက်ကြီးဟာသပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ ခဲ့သည် မှာ ယခုဆိုရင် (၁၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါကြောင်း။

          အသက်အရွယ်ကြီးမြင့်သည့် ဟာသပညာရှင်ကြီးများသည်လည်း အသက်အရွယ် ကြီးမြင့်သည်တိုင် အနားယူမှုမရှိဘဲ မိမိတို့ဝါသနာပါသည့် ပြည်သူ့အကျိုးပြု အနုပညာ လှုပ်ရှားမှုများကို ဆောင်ရွက်နေသကဲ့သို့ လူမှုရေးနယ်ပယ်တွင်လည်း ပရဟိတလုပ်ငန်း များကို ကြိုးစားဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း။

         ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုဆောင်ရွက်ပေး နေသည့် ဟာသပညာရှင်ကြီးများကို နိုင်ငံတော်အနေဖြင့်လည်း စွမ်းဆောင်မှုဆိုင်ရာ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဟာသပညာ ရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေး နှင့် ပြည်သူများ အတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုပါကြောင်း ပြောကြားသည်။

         ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဉီးဒိန်း ဒေါင် က မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးကိုယ်စား  ကျေးဇူးတင်       စကား ပြန်လည် ပြောကြားသည်။

ထို့နောက်   ၂၀၂၃-၂၀၂၄ခုနှစ်အတွက် “ဟာသပညာထူးချွန်ဆု”၊ “ဟာသပညာ ပံ့ပိုးမှုထူးချွန်ဆု” “ဟာသပညာဖန်တီးမှုထူးချွန်ဆု” နှင့် ပရဟိတထူးချွန်မှုဂုဏ်ပြုမှတ် တမ်းလွှာ” များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။

ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟာသပညာထူးချွန်ဆု”ရရှိ သည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ခင်လှိုင်နှင့် မြင့်မြတ် တို့ကိုလည်းကောင်း၊ “ပရဟိတ ထူးချွန်မှုဂုဏ်ပြု မှတ်တမ်းလွှာ” ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော် ကိုလည်းကောင်း ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဟာသပညာရှင် များအစည်းအရုံး ဥက္ကဋ္ဌ ဉီးဒိန်းဒေါင်အား ဂုဏ်ပြုအမှတ်တရပစ္စည်း ပေးအပ် ချီးမြင့်သည်။

ထို့နောက် ‘ဟာသပညာထူးချွန်ဆု’ နှင့် ‘ပရဟိတထူးချွန်မှုဂုဏ်ပြု မှတ်တမ်းလွှာ’ ရရှိကြသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။

ယင်းနောက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များက တေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဉီးရဲတင့် က “ဟာသပညာထူးချွန်ဆု” ရရှိခဲ့ကြ သည့်  အနုပညာရှင် မာမီသက်နှင့် မိုးညိုတို့ကို လည်းကောင်း၊ “ဟာသပညာ ပံ့ပိုးမှုထူးချွန်ဆု” ရရှိသည့် အနုပညာရှင် အုန်းဒိုင်း ကို လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ထို့နောက် ဖိုက်စတားအဖွဲ့နှင့် နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် လည်းကောင်း သီဆို ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း က “ဟာသပညာဖန် တီးမှုထူးချွန်ဆု” ရရှိခဲ့ကြ သည့် အနုပညာရှင် ချစ်ချော၊ ပေါ်ဉီး ၊ဒါရိုက်တာ ကိုဇော် (အာရုဏ်ဉီး) နှင့် ဒါရိုက်တာမောင်သီတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူ များကိုယ် စား ကိုဇော်(အာရုဏ်ဉီး) က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များနှင့် ဟာသအနုပညာရှင် များက တေးသီချင်းများ၊ ရယ်မောပျော်ရွှင်ဖွယ် ဟာသပျက်လုံးများဖြင့် ဖျော်ဖြေတင် ဆက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဉီးဒိန်းဒေါင် က အစည်းအရုံး၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စွမ်းစွမ်း တမံကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် “လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆု” ရရှိခဲ့ကြသည့် ဟာသအနုပညာရှင် ဉီးဒေါင်းရှိန်၊ ဉီးချစ်စံ၊ ဉီးထက်လင်း၊ဉီးမင်းထိုက်၊ ဉီးပေါ်ပေါ်၊ အငြိမ့်မင်းသမီး ဒေါ်ဝါဝါခိုင်၊ ဉီးစန်းဝင်းမောင်၊ ဉီးအောင်ချစ်၊ ဉီးလန်ဒန်နှင့် ဉီးသော်သော်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး မှ ဟာသ ပညာရှင်များ က သက်ကြီးဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး ကန်တော့်ခံသက် ကြီး ဟာသအနုပညာရှင်များကိုယ်စား သက်ကြီးဟာသအနုပညာရှင် ဉီးပေါ်လေးက ကျေးဇူး တင်စကားပြောကြားသည်။
         ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း က သက်ကြီးဟာသပညာ ရှင်များအား  ကန်တော့ခံ ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ်  မြန်မာနိုင်ငံဟာသ ပညာ ရှင်များ အစည်းအရုံး(ဗဟို) ဒုတိယအကြိမ်မြောက်ညီလာခံကို ဆက်လက်ကျင်းပပြီး မြန်မာ နိုင်ငံဟာသ ပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနု ပညာရှင်များ လောက ဖွံ့ဖြိုး တိုးတက်စေ ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေ အနေနှင့် ဆက်လက် ဆောင် ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံးအဖွဲ့ဝင်များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်အတွင်းတည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက် ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအား သွားရောက်ဖူး မြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။