မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်၌ လက်လုပ်ဗုံးဖောက်ခွဲသူများ နှင့်  ပူးပေါင်းပါဝင်သူများအား ဆက်စပ်ဖော်ထုတ်ရမိ

Monday, May 24, 2021 - 15:45

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်၌ လက်လုပ်ဗုံးဖောက်ခွဲသူများ နှင့်  ပူးပေါင်းပါဝင်သူများအား ဆက်စပ်ဖော်ထုတ်ရမိ

နေပြည်တော်၊ မေ ၂၄

            မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အများပြည်သူသွားလာနေသော လမ်းမကြီး ပေါ်၌ လက်လုပ်မိုင်းဖောက်ခွဲသူများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူ များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် (၅၉) လမ်းအတိုင်း တောင်မှ မြောက်သို့ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးသည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ (၅၉)လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ “RD Mobile”  ဖုန်းအရောင်းဆိုင် ရှေ့အရောက်၌ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖုန်းအရောင်းဆိုင်၏ပရိဘောဂအချို့  ပျက်စီးခဲ့ပြီး 7N-xxxx Light Truck ယာဉ်၏ အနည်းငယ် ပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ နိုင်ရေးအ

တွက် လိုက်လံစုံစမ်းခဲ့ရာ အဆိုပါရပ်ကွက်အတွင်းရှိ ၅၉ လမ်းနှင့် ၁၀၈ လမ်းထောင့်အရောက်၌ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူများဖြစ်သည့် ပြည့်ဖြိုး(၂၁)နှစ် () ဦးကျော်ခိုင်နှင့် ဝေယံ()ရှမ်းလေး(၁၇)နှစ် ()ဦးအုန်းကျော်တို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။

            ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုက်ချက်အရ ၎င်းတို့အား ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက် နေ ငပြည့်() မျိုးလှိုင်ဝင်း ဆိုသူမှ ဗုံး ၁ လုံးဖောက်ခွဲနိုင်လျှင် ငွေငါးသောင်းကျပ်(၅၀၀၀ဝိ/)ကျပ်ပေး၍ ဖောက်ခွဲခိုင်းခြင်းဖြစ်သဖြင့် “RD Mobile” ဖုန်းအရောင်းဆိုင်အရှေ့တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ငပြည့်()မျိုးလှိုင်ဝင်း၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အား သိမ်းဆည်း ရမိခဲ့သည်။

            ဆက်လက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ည ၉ နာရီခွဲ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးနည်းအိမ်ရာသို့ သွားရောက်စစ်ဆေးခဲ့ ရာ အဆိုပါအိမ်ရာရှိ အခန်းတစ်ခန်းအတွင်းမှ အာကာ(၂၅)နှစ်() ဦးမြင့်ခိုင်ပါ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်လုပ်မိုင်း ၁၆ လုံး၊ ယမ်းစိမ်း ၁ ထုပ်၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ လက်ကိုင်ဆိုင်းဘုတ် ၂၅ ခုနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

            ထိုကဲ့သို့ အများပြည်သူ၏ အသက်အန္တရာယ်နှင့် အကျိုးစီးပွားဖျက်ဆီးရန် ရည်ရွယ်ချက်များဖြင့် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်သူများနှင့် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သည့် ဖမ်းဆီးရမိသူ ပြည့်ဖြိုးပါ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အားလည်းကောင်း၊ နောက်ကွယ်မှု သွေးထိုးလှုံ့ဆော်သူများအား ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။