၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ MICC-II ၌ ကျင်းပရာ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့် သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက များဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ အခွန် အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၏ဇနီး၊ အမျိုးသမီးများဆိုင်ရာ အသင်းအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကဏ္ဍအလိုက် ဆုရရှိကြ သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော် ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တုံ့ပြန်တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ် (၁၂) ရပ် Video Clip ကို ပြသသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများကို ချီး မြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဒုတိယဗိုလ် ဒေါ်ယုယုနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ အကောင်းဆုံး ကျောင်းသားဆုရရှိသူ ဗိုလ် ဒေါ်ဖူးမော်သန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)၏ ချီးကျူးဂုဏ်ပြုဆု ရရှိသူ ဗိုလ်ကြီး ဒေါ်ဝါဝါမော်တို့ကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေး အပ်ချီးမြှင့်သည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေ ဆုရရှိသူ ဒုတိယရဲမှူးကြီး မိုးမိုးထွန်းနှင့် မသန်စွမ်းအမျိုးသမီးအားကစားထူးချွန်ဆုရရှိသူ မလော်လာဝင်းတို့ကို လည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ တွင် အမှတ်အများဆုံးရရှိသူ မနှင်းကြယ်စင်ထွန်းနှင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများ ဆုံးရရှိသူ မအေးချမ်းပြည့်မွန် တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီ စာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုရရှိကြသူများကို လည်းကောင်း၊ တွဲဖက်အတွင်း ရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုနှင့် အမျိုးသမီး စီးပွားရေးစွမ်း ဆောင်ရှင်ဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၏ ဇနီးများ၊ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌတို့က အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင် များက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “အမျိုးသမီး ကော်မတီ”သီချင်း ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက “ရွှေမြန်မာသာယာငြိမ်းချမ်း” တေးသီချင်းနှင့်အတူ တိုင်း ရင်းသားအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာ အားပေးခဲ့ကြောင်း သတင်းရရှိသည်။