ကချင်ပြည်နယ်အတွင်း ဇွန်လ ၃၀ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဧရာဝတီမြစ်ရေများ မြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ယနေ့တွင်လည်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက် ဖွယ်ရာများနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ သည်။