နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Sunday, June 30, 2024 - 16:30

Former President of the Republic of the Union of Myanmar arrives back to                           Nay Pyi Taw after attending the 70th Anniversary of the Five Principles of the Peaceful Coexistence in China

In the morning of 29 June 2024, former President U Thein Sein who is temporary stay/ accommodate in Beijing, the People’s Republic of China visited to Ling Guang Temple in Beijing to pay homage the Buddha tooth relic and met with Venerable Chang Zang, Chief Monk of Ling Guang Temple to pay his respect. During the meeting, former President has donated a small statue of Maravijaya Buddha Image which was carry from Nay Pyi Taw.

On the same day at 1700 hrs, former President U Thein Sein received Mr. Wang Yi, Member of the Political Bureau of the CPC Central Committee, Director of the Office of the Central Commission for Foreign Affairs, and Minister of Foreign Affairs of the People’s Republic of China at the Diao Yutai State Guest House in Beijing. During the meeting, they exchange views on the existing friendly relations and cooperation between Myanmar and China, and recent development of Myanmar.

The Myanmar delegation led by former President arrived back to Nay Pyi Taw from Beijing, the People’s Republic of China by special flight at 1425 hrs on 30 June 2024, after attended the 70th Anniversary of the Five Principles of Peaceful Coexistence which was held in the People’s Republic of China. The Myanmar delegation was welcomed at the Nay Pyi Taw Airport by Admiral Tin Aung San, member of the State Administration Council, Deputy Prime Minster and Union Minister for Defence, U Wunna Maung Lwin, Member of the State Administration Council, U Ko Ko Hlaing, Union Minister of the Ministry 2 at Office of Chairman of the State Administration Council, U Lwin Oo, Deputy Minister for Foreign Affairs, Ms. Cao Jing, Deputy Head of Mission (Minister Counsellor) of the Embassy of the People’s Republic of China in Myanmar and senior officials from the Ministry of Foreign Affairs.

Ministry of Foreign Affairs

Nay Pyi Taw

Dated: 30 June 2024    

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ခေတ္တရောက်ရှိလျက်ရှိသော နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့ သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လင်ကွန်းကျောက်တိုက် ကျောင်းတိုင်ဆရာတော် ချမ်းကျန့်အား ရိုသေစွာဖြင့် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် နေပြည်တော်မှ ပင့်ဆောင်လာသည့် မာရဝိဇယ ဘုရား၏ ရုပ်ပွားတော်ငယ်အား လှူဒါန်းခဲ့ပါသည်။

ယင်းနေ့ (၁၇၀၀) နာရီတွင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူး နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ အား ပေကျင်းမြို့ရှိ ကျောက်ယွိထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေ တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ၃၀-၆-၂၀၂၄ ရက် (၁၄၂၅) နာရီတွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ (သံမှူးကြီး) မစ္စစ် ချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ  အဆင့်မြင့် အရာရှိကြီးများက နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်။

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်။