မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ ဂိုဒေါင်အား မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်အမှန်၊ AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် WFP ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့ တယ်၊ လုယက်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်း ပြောကြားလိုပါတယ်။ အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့ အခြေအနေ အကြမ်းပြင်း အနေနဲ့ကတော့ မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာ ရှိပြီးတော့ အဲ့ဒီနေရာမှာ အရင်တုန်းကတော့ UNHCR, WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရုံးတွေဂိုဒေါင်တွေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်းမှာ မေလကတည်းက အဲ့ဒီနေရာမှာ ရုံးထိုင်တဲ့ လူတွေမရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီအစောင့်တွေ လောက်သာထားခဲ့နိုင် ပြီးတော့ကျပြန်သွားတဲ့နေရာတွေဖြစ်ပါတယ်။ဒီနေရာတွေနဲ့ ပတ်သက်ပြီးလည်း ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်းမရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်းတောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း လုံခြုံရေး အဖွဲ့က ဒီနေရာတွေကို ကင်းလှည့်ရပါတယ်။ ကင်းလှည့် ဆောင်ရွက်တဲ့ နေရာမှာ ဒီ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့ အရှေ့ဘက် ဝေသာလီကျေးရွာအရောက်မှာ စိမ့်ဝင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ အဲ့ တိုက်ပွဲဖြစ်ပွားချိန်မှာ AA အကြမ်းဖက်အဖွဲ့အနေနဲ့ Droneများကို အဓိက သုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား နေပါတယ်။ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့အချိန်မှာပဲ AA အကြမ်းဖက် အဖွဲ့အနေနဲ့ အဲ့ဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ ပါတယ်။ အဓိကကတော့ အဲ့ဒီမှာရှိနေတဲ့ ပစ္စည်းတွေကို လုယက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ ဒေသခံ AA ထောက်ခံအားပေးနေတဲ့ ရခိုင်တိုင်းရင်း သားအချို့လည်း ပါဝင်တယ်ဆိုတာကို ဒေသခံဘင်္ဂါလီတွေရဲ့ ပြောကြား ချက်အရ ကျွန်တော်တို့သိရှိခဲ့ရပါတယ်။ ဒါကြောင်မို့လို ဒေသခံဘင်္ဂါလီ ရွာသားများ အနေနဲ့ အဲ့ဒီမှာရှိတဲ့ပစ္စည်းတွေ AA လက်ထဲမရောက်ရှိစေရေး အတွက် အနီးအနားမှာရှိတဲ့ လုံခြုံတဲ့နေရာတွေကို ဇွန်လ ၂၁ ရက်နေ့ ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်ဆိုတာသိရပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာ တော့ ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိတဲ့အတွက် AA အနေနဲ့ Droneနဲ့ ကင်းထောက်ထောက်လှမ်းပြီး အဲ့ဒီ WFPဂိုဒေါင်တွေကို Droneနဲ့ ဗုံးကြဲခဲ့တယ် ဆိုတာကို Drop Bomb များချ တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရှိရ ပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချို့မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရ ပါတယ်။ သူတို့ထုတ်ပြန်ထားတဲ့ပုံတွေမှာ ကြည့်ရင်ကို ဒီအချက် အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဂိုဒေါင်တွေဟာ ဂိုဒေါင်တွေနဲ့ အဲ့ဒီအနီးအနားမှာရှိနေတဲ့ ရုံးတွေမှာ UN ဆိုတဲ့ ကုလသမဂ္ဂ အမှတ်အသားကို ဂိုဒေါင်အမိုးတွေမှာထင်ထင်ရှားရှားရေးထားတာ၊ ရုံးတွေမှာ ထင်ထင်ရှားရှားရေး ထားတာတွေ့ရပါတယ်။ သိလျက်နဲ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ် ဆောင်ခဲ့လိုလည်း ဂိုဒေါင်အမိုးတွေ Drop Bomb ဒဏ်ကြောင့် ပေါက်ပြဲ ပေါက်ကွဲပြီးတော့ မီးလောင်တာဖြစ်ပါတယ်။ ဒီဒေသခံတွေ သယ်ထုတ်ထားတဲ့ ဆန်အိတ်များကို ဒေသခံဘင်္ဂါလီများအနေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို လာရောက်သတင်းပို့ခဲ့တာရှိပါတယ်။ ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ တွေအနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက် ၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက် တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ် များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ AA အနေနဲ့ ဘူးသီးတောင် မြို့နယ် အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကိုလည်း နေအိမ်မှာ မနေနိုင် အောင် နှင်ထုတ်ပြီး ဖြစ်ပါတယ်။ အလားတူပဲ မောင်တောကို တိုက်ခိုက်ဖို့လုပ်ဆောင်နေ တဲ့ အချိန်မှာပဲ ဒေသခံဘင်္ဂါလီများ၊ ဒုက္ခသည်များကိုထောက်ပံ့ဖို့ ရည်ရွယ်ထား တဲ့ ပစ္စည်းများကို လုယူရန်ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါ မှာ ယခုလို ဂိုထောင်ကို Drop Bomb ချပြီး မီးရှို့ခြင်း ဖြစ်တယ်လို့ ပြောချင်ပါ တယ်။
နောက်တစ်ခုကတော့ AA ရဲ့မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ငန်းတွေဖြစ် ပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်မှာ ပင်လယ် ရေကြောင်းလမ်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၄၆ မှုရှိပါတယ်။ တရားခံ ၂၆၆ ဦး ဖမ်းမိခဲ့ပါတယ်။ အများစုကတော့ AAနဲ့ပတ်သက်ဆက် နွယ်နေတဲ့ အသိုင်းအဝိုင်းတွေပဲဖြစ်ပါတယ်။ စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း ၊ အိုက်စ် ၄၁ တန်၊ ကက်တမင်း ၁ ဒသမ ၄ တန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ AA အနေနဲ့ စတင်ထူထောင်လာကတည်းကတိုင် မူးယစ်ဆေးဝါးလုပ်ငန်းကို အစဉ် တစိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လုပ်ဆောင်ရသလဲဆို တော့ ဒီမူးယစ်ဆေးဝါးနဲ့ပဲ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအကျင့်စာရိတ္တ ပျက်ပြား နေမှသာ AA သောင်းကျန်းသူအဖွဲ့တွင်းကို ဝင်ရောက်နိုင်ရေး ပိုမို စည်းရုံးဖို့ လွယ်ကူမယ်၊ လွယ်လွယ်ကူကူရတဲ့ငွေနဲ့ လက်နက်၊ ခဲယမ်းတွေဝယ် နိုင်မယ်၊ တရားမဝင်ထောက်ပံ့မှုတွေလုပ်နိုင်မယ်ဆိုတာကို ရည်ရွယ်ပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့က ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အောင်မြတ်ကျော်ဆိုရင် ထွန်းမြတ်နိုင်ရဲ့ တာဝန် ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်ဦးလွင်ကနေ ရန်ကုန် ၊ ဘားအံကနေ ရန်ကုန်ကို ဆယ်ကြိမ်လောက် လက်နက်၊ ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေကို ဆီသယ်ဆောင်တဲ့ကားတွေမှာ အံဝှက်တွေပြုလုပ်ပြီး သယ်ဆောင်ခဲ့တယ် ဆိုတာကို သူ့ကိုဖမ်းဆီးရမိပြီး အစစ်ခံတဲ့အထဲမှာ အစစ်ခံခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းဌာနတွေရှေ့မှာလည်း သူ့ရဲ့ဝန်ခံချက်ကိုထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် အိုက်စ်တို့ ၊ ကဖင်း တို့ ဖမ်းဆီးရမိတာတွေရှိတယ်။ အသုံးပြုတဲ့ ယာဉ်တွေ၊ စက်လှေတွေ ၊ ဂိုဒေါင် တွေကို ငှားရမ်းအသုံးပြုခဲ့တာ တွေ့ရပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဝင် အများအပြား ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ကိုပို့မယ့် ကဖင်း ဖမ်းဆီးရမိမှု ဖြစ်စဉ်အရ AA သောင်းကျန်းသူ တွေအနေနဲ့ အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြုပြီးတော့ ရခိုင်ပြည်နယ်မှာပဲ စိတ်ကြွရှုးသွပ်ဆေးပြားတွေ ပြောင်းလဲ ထုတ်လုပ်ဖို့ ကြိုးစားနေတာကို တွေ့ရပါ တယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေ အတွက်တွေ၊ မူးယစ်ဆေးအရေအတွက် တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူဦးရေအားလုံး သုံးစွဲနိုင်တဲ့ပမာဏ ထက်သာလွန်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာဘာလဲဆိုတော့ အဓိကတော့ တစ်ဖက်နိုင်ငံကိုအမြောက် အမြားပို့ဆောင်ခဲ့တာတွေ၊ တစ်ဖက်နိုင်ငံမှာလည်း အမြောက်အမြားဖမ်းမိတာ တွေ၊ ရခိုင်ဒေသကိုအခြေခံပြီး ပင်လယ်ပြင်ကနေအ ခြားနိုင်ငံတွေကို ထွက်တာတွေကို ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ၊ AA ရဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ရပ်တွေ ၊ သယ်ဆောင်မှုလုပ်ရပ်တွေ ၊ မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်မှာပဲ ထုတ်လုပ်ဖို့ လုပ်နေတဲ့ လုပ်ရပ်တွေအားလုံးသည် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူလူထု ကို ဖျက်ဆီးရုံသာမက ဒေသတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရေး ၊ အကြမ်းဖက် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်နေတယ်ဆိုတာ တွေ့ ရပါတယ်။ အားလုံးသတိရှိကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အကြမ်းဖက်၊ မူးယစ် ဆေးဝါးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို အားလုံးက ဝိုင်းဝန်း ဆန့်ကျင် ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။