ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေ မြိုနယ်ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာများကို တစ်အိမ်လျှင် ငွေကျပ် ၃ သောင်းကျပ် ကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများ လုပ်ကြံရေး သားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇွန် ၂၆
ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေ မြိုနယ်ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာများကို တစ်အိမ်လျှင် ငွေကျပ် ၃ သောင်းကျပ် ကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင် လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆီဆိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများပုံမှန်ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း မရှိကြောင်းနှင့် ကျေးရွာအချို့တွင် ငွေတောင်းခံခဲ့သည်ဆိုသည့် သတင်းမှာလည်း လုပ်ကြံရေးသားသည့် သတင်းအမှားသာဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိမှုအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်နှင့်ကွဲလွဲနေသည့် သတင်းတု၊ သတင်း အမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား၍ ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။