ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်း တစ်ခုကို ဇွန်လ ၁၆ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးချိန်တွင် လောင်းကစားဝိုင်းကို လုံခြုံရေးဆောင်ရွက်ပေး နေသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိူး သားတစ်ဦး၏ ပေါင် ကျည်ထိမှန်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမ ဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက သနတ္တန်းကျေးရွာတွင် ဒေသခံ ပြည်သူများ ကျားပိုက်ထောင်ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်ရာ နေရာသို့ အကြမ်းဖက် သမား ၆ ဦး လက်နက်ငယ်များဖြင့် ရောက်ရှိလာပြီး ဒေသခံပြည်သူများထံမှ ငွေကျပ် (၁၀) သိန်း၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများ ကာလတန်ဖိုး (၆၈) သိန်းခန့် နှင့် ဆိုင်ကယ် ၃ စီး တို့ကို ယူဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများက ရွှေထည် ပစ္စည်းများယူဆောင်စဉ် ထွက်ပြေးရန်ပြုလုပ်သည့် ကျေးရွာသား ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ရှပ်ထိပြီး ဝဲဘက်ပေါင်တွင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
အဆိုပါအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်နှင်ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။