တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၅

Wednesday, June 5, 2024 - 16:45

၁။      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၉)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ဖန်စီလက်ဝတ်ရတနာ (၁၁၀)ကီလိုဂရမ်၊ ခေါင်းဖြီးဘီးမျိုးစုံ (၂၀၈၆) ကီလိုဂရမ်နှင့် တရုတ်နိုင်ငံထုတ် GI Hollow Pipe (၁၈၉၆၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၇၀၂,၄၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၂။       ထို့အပြင် ဇွန်လ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၂ မိုင် ၄ ဖာလုံအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁.၀၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀,၇၅၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Noah မော်‌တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ လှည်းကူး မြို့နယ်၊ အဝိုင်းကျေးရွာနှင့် မလစ်(အနောက်)ကျေးရွာကြား၌ မော်တော် ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ်(၃.၁၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၈၂,၈၀၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၅) အနီး၌ မော်တော်ယာဉ် (၁)စီး‌ပေါ်မှ တရားမဝင် ကျွန်းသစ် (၀.၈၉၅)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၇,၆၀၀)ကိုလည်းကောင်း၊စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၉၂၁,၁၅၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါသည်။

၃။      သို့ဖြစ်ပါ၍ ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၆၂၃,၆၃၂)ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ