အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ မင်းရဲကျော်စွာ အားကစားခန်းမ၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ် တပ်နယ်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှူး က အမှာစကားပြောကြားသည်။ ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် လက်နက်များတပ်ဆင်အပ်နှင်း ပေးပြီး ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကိုယ်စား အဖွဲ့ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။