ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်းသထုံမြို့နယ် သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ပလပ်စတစ်ပုံးနှင့်ထည့်၍မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်း နေပြည်တော်၊

Tuesday, June 4, 2024 - 16:30

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်းသထုံမြို့နယ် သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ပလပ်စတစ်ပုံးနှင့်ထည့်၍မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်း

နေပြည်တော်၊ ၂၀၂၄ ဇွန် ၄

          ယနေ့မွန်းလွဲ ၁၂နာရီခွဲချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား မိုင်တိုင်အမှတ်(၁၂၂/၁၄)၌ရထားလမ်းပေါ်၌ ပလပ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းအားတာဝန်ကျဝန်ထမ်းတစ်ဦးက တွေရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။

          မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များက မွန်းလွဲ ၂ နာရီ ၅ မီနစ်တွင် ရောက်ရှိလာပြီး အဆိုပါမိုင်းအားရှင်းလင်းခဲ့ရာ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား ညနေ ၄နာရီ၁၀မိနစ်တွင် အဆိုပါလမ်းပိုင်းအားဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ အမှတ်(၈၁)အဆန်လူစီးအမြန်ရထား သည် နှင်းပုလဲဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၀မိနစ်တွင် ရောက်ရှိရပ်တန့်ခဲ့ရကြောင်း မိုင်းရှင်းလင်း ခြင်းလုပ်ငန်းဆောင်ရွက်ပြီးနောက် ယနေ့ ညနေ ၄နာရီခွဲမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အဆိုပါ ရထားသည် ၃နာရီ ၂၀ မိနစ်ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။

ထို့အတူ အမှတ်(၆၈၅)ကျောက်ရထားသည်သိမ်ဆိပ်သို့ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင်လည်း ကောင်း၊ အမှတ်(၆၈၇)ကျောက်ရထားသည် ဒုံဝန်းသို့ ၁၂နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၂၇၁) ကုန်ရထားသည် ကျိုက်ထိုဘူတာသို့ ညနေ ၃ နာရီ ၁၀မိနစ်တွင်လည်းကောင်း၊ အသီးသီးရပ်တန့် စောင့်ဆိုင်ခြင်းပြုလုပ်ခဲ့ကြရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီး ခြင်း(၁၆၅) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်း မွန်လာစေရေး၊ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက် ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတား များ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများ အနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်း စွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထား လမ်းအဆင့်မြှင့်တင် ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။